( ၃၁ ) ဘုံအကြောင်း ဘူမိစတုက္က ဆိုတာကတော့ သတ္တဝါတို့တည်ရာ ဘုံကြီး လေး ခုကိုခေါ်တာ ပါ ....
★ ★ ★ ( ၁ ) အပါယ် ( ၄ ) ဘုံ
★ ★ ★ ( ၂ ) ကာမသုဂတိဘုံ ( ၇ ) ဘုံ နှင့် ........... ဗြဟ္မာဘုံ နှစ်ဆယ်ဖြစ်တဲ့
★ ★ ★ ( ၃ ) ရူပါဝစရဘုံ ( ၁၆ ) ဘုံ
★ ★ ★ ( ၄ ) အရူပါဝစရ ( ၄ ) ဘုံ ဆို တဲ့ ဘုံလေးခု စုစုပေါင်း ( ၃၁ ) ဘုံကို ဘူမိစတုက္က လို့ဆိုလိုတာပါ ...။
★ ★ ★ ( ၁ ) အပါယ် လေး ဘုံ ကုသိုလ်ကောင်းမှု ပြုခွင့် မရ ပါပဲ အကုသိုလ်တို့သာ များပြားသော အရပ်ဌာန ကိုခေါ်တာပါ ဒုက္ခတိဘုံ လို့လဲခေါ်ပါတယ် အပါယ် ( ၄ ) ဘုံရှိပါတယ် ။
★ ★ ( က ) ငရဲ
★ ★ ( ခ ) တိရစ္ဆာန်၊
★ ★ ( ဂ ) ပြိတ္တာ၊
★ ★ ( ဃ ) အသူရကာယ် ........ တဲ့
★ ★ ( က ) ငရဲဘုံ ( ဒေါသ လွန်ကဲသူ ... ဒေါသအားကြီး သူ များ ) ငရဲဘုံဆိုတာကတော့ .... ချမ်းသာ ကင်းသော ကြီးစွာသော ဆင်းရဲခြင်း ရှိသော အရပ်ပါ ... သတ္တဝါတို့ကံ အရင်းခံပြီး ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇ ရုပ်တရား ကိုခေါ်တာ ပါ မကောင်းမူဒုစရိုက် ကျူးလွန်သူတို့ ကျရောက်ခံနေဖို့ရာ ငရဲဘုံ တည်ရှိနေ တာပါ ။ ငရဲဘုံဟာ သတ္တဝါတို့ ကံအားလျော်စွာ အမျိုးမျိုး တည်ရှိနေရုံမျှ မက လူ့ဘုံနှင့် နီးကပ်သော မြေတွင်းမှာပင် လောဟကုမ ္ဘီ သံရည်ငရဲရှိကြောင်းကို ကျမ်းဂန်တို့၌ တွေ့ပါတယ်။ ★ ဒေါသ၏ ဆိုးကျိုးကြောင့်ငရဲရောက်သူများးး တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ် သို့မဟုတ် ကြောက်ရွံ့ ထိတ်လန့် သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံသို့ ရောက်ရပါတယ်။ သတ္တဝါတို့၏ သန္တာန်တွင် ဝိသမ ဒေါသဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး လက်နက်ဘေး သတ္တန ္တရ ကပ်ဆိုက်တတ်ပြီး .... ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လောင်မီး ကျ၍ ဖျက်ဆီးခြင်းကို ခံရပါတယ် အဒေါသ (ဒေါသနည်း) ချင်လျှင် မေတ္တာများများပွား ပါ။ ငရဲကြီး ရှစ်ထပ်ရှိပါတယ် ....
★ (၁) သိဉ္စိုးငရဲ၊ အကုလိုလ်ကံ မကုန်မချင်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လိုက် အပိုင်းပိုင်းခုတ်ဖြတ်မှုကို ပြင်းစွာခံရလိုက် သံသရာလည်နေသော ငရဲဘုံ
★ (၂) ကာဠသုတ်ငရဲ၊ ငရဲထိန်းတို့က သားကောင်ကိုလိုက်သကဲ့သို့ အတင်းလိုက်ကြပြီး မောဟိုက်၍ ဆက်မသွားနိုင်မှ ဖမ်းပြီး ကျနစွာ ပိုင်းဖြတ် ခုတ်ထစ် အဖန်ဖန်ခံရသော ငရဲ
★ (၃) သံဃာတငရဲ၊ အောက်မြေအပြင်မှာ မီးလျံတွေသော သံမြေပြင်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်စိုက်ထားသလို ခါးထိအောင်စိုက်ခံရပြီး အရပ်လေးမျက်နှာမှ လာသော သံတောင်ကြီးများက တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ သန်းဥတုတ် သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရသောငရဲ
★ (၄) ရောရုဝငရဲ၊ မိးတောက်တို့သည် တဝုန်းးဝုန်း့ ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသောငရဲ
★ (၅) မဟာရောရုဝငရဲ၊ မီးခိုးတို့တစ်ငရဲလုံးဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့ မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောငရဲ
★ (၆) တာပနငရဲ၊ ငရဲသို့ကျရောက်သော သတ္တဝါများကို မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သောငရဲ
★ (၇) မဟာတာပနငရဲ၊ မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံေတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ် ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောငရဲ
★ (၈) အဝီစိငရဲ မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီး ငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြား မရှိပြည့်ကျပ် နေအေင် ဆင်းရဲဒုက္ခ နှင့် ၎င်းဆင်းရဲ့ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တဝါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုး တို့ဆက်စပ်ေနေသော ငရဲ တို့ပါ .....
ငရဲအထပ်တိုင်း မှာ (၁) ဘင်ပုပ်ငရဲ၊ အညစ်အကြေးတွေ ပိုးလောက်တွေ အပြည့်ရှိနေပါတယ်။ ညစ်ညမ်းတဲ့ အနံ့တွေလည်း ရှုရတယ်။ အဲ့ဒီထဲကျသွားရင် အဲ့ဒီမှာရှိတဲ့ ပိုးလောက်တွေက အသားတွေ ကလီစာတွေ ထိုးဖောက်စားကြပြီး သေလည်း မသေရပါဘူး။ အကုသိုလ်ကံတွေကြောင့် ခံနေရတာပါ ။ (၂) ပြာပူငရဲ၊ အဲ့ဒီပြာထဲထည့်လိုက်ရင် ခန္ဓာကိုယ်က ကြေသွားပါတယ်။ (၃) လက်ပံတောငရဲ၊ လက်ပံတောမှာ အပင်ကြီးတွေရှိပါတယ်။ အပင်အောက်ထိုင်တာနဲ့ အပေါ်ကလက်ပံပွင့်ရဲ့အပွင့်တွေ၊ အရွက်တွေ၊ အသီးတွေဟာ ဓားတွေ၊ လှံတွေ၊ ပေါက်စိန်တွေ လက်နက်ချည်းတွေဖြစ်ပြီးလက်တွေ၊ ခြေတွေ၊ ခေါင်းတွေ ပြတ်ခံရတာပါတယ်။ (၄) သန်လျက်ရွက်တောငရဲ၊ သန်လျက်ရွက်တောက အရွက်တွေစိမ်းလို့နေပါတယ်။ ဒီတောထဲတိုးသွားတဲ့ငရဲသားတွေရဲ့ လက်တွေ၊ ခြေတွေကို ဖြတ်ပစ်တာပါပဲ။ ( ၅ ) ကြိမ်ပိုက်ချောင်း ငရဲ။ အဲ့ဒီချောင်းထဲမှာ ကြိမ်တွေရှိပါတယ်။ ရေဆာတယ်ဆိုရင် အဲ့ဒီကြိမ်ပိုက်ချောင်းထဲ ပစ်ချလိုက်တာပါပဲ။ အဲ့ဒီကြိမ်တွေကလည်း လက်ထိလက်ပြတ်၊ ခေါင်းထိခေါင်းပြတ်ပါပဲ။ ပြတ်လည်း မသေရ။ အသစ်ပြန်ဖြစ် အသစ်ပြန်ခံရတာပါ ( ၆ ) သံရည်ပူငရဲ ( ၇ ) ကြေးရည်ပူငရဲ ( ၈ ) ပွက်ပွက်ဆူနေတဲ့ ရေပူငရဲဆိုပြီး ငရဲငယ် ရှစ်ဘုံ ဝန်းရံနေတာပါ…။ (လောကပညတ္ထိကျမ်းမှာတော့ ငရဲကြီးရှစ်ထပ်လုံးရဲ့ အရပ်၈မျက်နှာမှာ ဥဒဿ ငရဲငယ် ရှစ်ဘုံဝန်းရံထားတယ်လို့ဆိုပါတယ် )
★ ★ ယမမင်း စတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်ပြီး ဝေမာနိက ပြိတ္တာမင်း အမျို းအစားကို ယမမင်း လို့ခေါ်တာပါ ...။ ယမမင်းတို့ဟာ တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစားပြီး .... တစ်ခါတစ်ရံမှာတော့ သူ့ရဲ့မကောင်းမူကံ အကျိုးကို (ရိုးရိုးပြိတ္တာများကဲ့သို့) ခံစားရတတ်ပါတယ်...။ ယမမင်း လေးပါးရှိပါတယ် ငရဲဘုံအဝင် အရပ် လေးနေရာမှာစောင့်ကြပ်ရပြီး ငရဲရောက်လာသူများကို စစ်ဆေးမေးမြန်းကြရပါတယ်။ ဒါပေမယ့် ငရဲသို့ ရောက်လာသူတိုင်း အစစ်အဆေးခံရ တာမဟုတ်ပါဘူး အကုသိုလ်ကြီး၍ ထင်ရှားသူတို့က တစ်ခါတည်းငရဲကို တန်းကျတာပါ…။ အကုသိုလ်နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပါတယ်…။ ဒါကြာင့် ယမမင်းရဲ့ စစ်ဆေးမှုဆိုတာ အပြစ်ရှာလို၍မဟုတ်ပဲ ငရဲက လွတ်သင့်က လွတ်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဆိုတာထင်ရှားပါတယ်…. ဒါကြောင့် ယမမင်း ဆိုတာ တရားစောင့်သော မင်းကောင်းမင်းမြတ်လို့ ပြောရင်ပိုမှန်မှာပါ …. ယမဿ ရညောတိ ယမရာဇာ နာမ ဝေမာနိကပေတရာဇာ, ဧကသ္မိံ ကာလေ ဒိဗ္ဗဝိမာနေ ဒိဗ္ဗကပ္ပရုက္ခဒိဗ္ဗဥယျာနဒိဗ္ဗနာဋကာဒိသမ္ပတ္တိံ အနုဘဝတိ, ဧကသ္မိံ ကာလေ ကမ္မဝိပါကံ, ဓမ္မိကော ရာဇာ။ န စေသ ဧကောဝ ဟောတိ, စတူသု ပန ဒွါရေသု စတ္တာရော ဇနာ ဟောန္တိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။)(ဥပရပဏ္ဏသ၊ ဒေဝဒူတသုတ်)
ဘုရားရှင်ဟာ နုစဉ်အခါက ယမမင်းဖြစ်ခဲ့ဖူးကြောင်း မိန့်တော်မူဖူးပါတယ်…. ရဟန်းတို့ ငါသည် ရှေးယမမင်းဖြစ်စဉ်အခါက မကောင်းမှုအကုသိုလ်ပြုကုန်သူတို့သည် အထူးထူးအပြားပြား ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစားရသည်ကို မြင်သောအခါ-
၁။ ငါသည် လူ့အဖြစ်ကို ရရင် ကောင်းမှာပဲ။
၂။ ထိုအခါ လောကမှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ပွင့်ရင်ကောင်းမှာပဲ။
၃။ ထိုဘုရားရှင်ကို ဆည်းကပ်ရရင် ကောင်းမှာပဲ။
၄။ ထိုဘုရားရှင်သည် ငါ့အား တရားဟောရင် ကောင်းမှာပဲ။
၅။ ငါသည် ထိုဘုရားရှင်၏ တရားကို သိနားလည်ရင် ကောင်းမှာပဲ။ ဟု အကြံဖြစ်ခဲ့ဖူးပါသည်လို့ဟောခဲ့ပါတယ်။
‘‘ဘူတပုဗ္ဗံ, ဘိက္ခဝေ, ယမဿ ရညော ဧတဒဟောသိ – ‘ယေ ကိရ, ဘော, လောကေ ပါပကာနိ အကုသလာနိ ကမ္မာနိ ကရောန္တိ တေ ဧဝရူပါ ဝိဝိဓာ ကမ္မကာရဏာ ကရီယန္တိ။ အဟော ဝတာဟံ မနုဿတ္တံ လဘေယျံ။ တထာဂတော စ လောကေ ဥပ္ပဇ္ဇေယျ အရဟံ သမ္မာသမ္ဗုဒ္ဓေါ။ တဉ္စာဟံ ဘဂဝန္တံ ပယိရုပါသေယျံ။ သော စ မေ ဘဂဝါ ဓမ္မံ ဒေသေယျ။ တဿ စာဟံ ဘဂဝတော ဓမ္မံ အာဇာနေယျ’န္တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။) ရဟန်းတို့ ငါသည် ဒီ ဒေဝဒူတသုတ်ကို အခြားသော သမဏ ဗြဟ္မဏ တို့ထံမှ ကြားလို့ ဆိုတာ မဟုတ်၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ခံစားဖူးသည့်အတိုင်းသာ ဒီသုတ်ကို ဟောခြင်းဖြစ်၏ လို့ဘုရားရှင်ကမိန့်တော်မူဖူးပါတယ်...။ တံ ခေါ ပနာဟံ, ဘိက္ခဝေ, နာညဿ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ သုတွာ ဝဒါမိ, အပိ စ ယဒေဝ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ တဒေဝါဟံ ဝဒါမီ’’တိ။ (ဥပရိပဏ္ဏာသပါဠိ၊ ၂၂၄။)
★ ★ ငရဲထိန်း ဤငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များဖြစ်ပါတယ် ငရဲထိန်း များ၏ အလုပ်မှာ ကုသိုလ်မများ အကုသိုလ်မကြီး ငရဲသို့ကျရောက်လာသူများကို ကယ်တင်ရန်အလို့ငှါ စစ်ဆေးမေးမြန်း ကယ်တင်ရန် .... ယမမင်းထံပို့ခြင်း၊ငရဲသို့ ရောက်ပြီးသူများကို စောင့်ကြပ်ရခြင်းဖြစ်သည်။ (ငရဲမီးစသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံမည့်သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။) အချို့(ကေစိ)ဆရာတို့က ငရဲစောင့် (ငရဲထိန်း)ဟူသည် မရှိ၊ ယန္တရားနှင့်တူသည် လို့ဆိုကြပါတယ် … ဒီအဆိုဟာ အဘိဓမ္မာနဲ့ဆန့်ကျင်နေပါတယ် …. သမာန ဆရာတို့ကတော့ ငရဲထိန်းရှိပါတယ် လူပြည်မှာဆို အာဏာသား ပါးကွက်သား တို့နဲ့တူပါတယ်လို့ဆိုကြပါတယ်။ တတ္ထ ဧကစ္စေ ထေရာ ‘‘နိရယပါလာ နာမ နတ္ထိ, ယန္တရူပံ ဝိယ ကမ္မမေဝ ကာရဏံ ကာရေတီ’’တိ ဝဒန္တိ။ တေသံ တံ ‘‘အတ္ထိ နိရယေ နိရယပါလာတိ, အာမန္တာ, အတ္ထိ စ ကာရဏိကာ’’တိအာဒိနာ နယေန အဘိဓမ္မေ (ကထာ။ ၈၆၆) ပဋိသေဓိတမေဝ။ ယထာ ဟိ မနုဿလောကေ ကမ္မကာရဏကာရကာ အတ္ထိ, ဧဝမေဝ နိရယေ နိရယပါလာ အတ္ထီတိ။ (ဥပရိပဏ္ဏာသ၊ ဋ္ဌ၊ ၁၆၄။) (ဥပရပဏ္ဏသ၊ ဒေဝဒူတသုတ်)
★ ★ ယမမင်းစစ်ဆေးပုံ ဒေဝဒူတ သုတ္တန်ပါဠိတော်လာ ယမမင်းစစ်ဆေးပုံကိုပြောပြပါ့မယ်….. လူ့ပြည်မှာရှိသော ငရဲရဲ့ ရှေ့ပြေးတမန် ( ၅ ) ပါးလို့ခေါ်တဲ့ ကလေး သူအို သူနာ သူသေ အကျဉ်းကျသူ တွေကို ဒေဝဒူတ ( ၅ ) ဦးလိုကခေါ်ပါတယ် …. ယမမင်းက မိမိထံရောက်လာတဲ့ ငရဲသားတွေကို ဒေဝဒူတ ( ၅ ) မျိုးကိုဖော်ပြစစ်ဆေးပါတယ် …. စစ်ဆေးပုံကဒီလိုပါ ….။ ယမမင်း................မောင်မင်း... လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီးကျင်ငယ်ကို မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။ ငရဲသား.....................တွေ့ခဲ့ဘူးပါသည်အရှင်။ ယမမင်း.....................မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်သောအခါ ထိုကလေးများကိုကြည့်ရူ၍ “ငါသည် ဘာမျှ နားမလည်ရှာသေးသော ယခုလို ကလေးသူငယ် ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေနေရဦးမည်။ ပဋိသန္ဓေနေခြင်းသဘောကို မလွန်နိုင်သေးအံ့တကား။ ယခုနှယ်က ကိုယ် နူတ် နှလုံးများကို စောင့်စည်း လျက် ကောင်းကောင်းနေ ပြီးဒါန သီလ ဘာဝနာစသော ကောင်းမှုကုသိုလ်တို့ကို လုပ်မှသာ တော်တော့မည်”လို့ အကြံအစည်များ မဖြစ်ခဲ့ဘူးလားလို့ကြင်နာစွာမေးပါတယ် ငရဲသား................ကျွန်တော် မေ့လျော့နေသည့်အတွက် ကုသိုလ်ကောင်းမူဘက်၌ စိတ် မဝင်စားမိခဲ့ပါ။ ယမမင်း...........................မောင်မင်း... မကောင်းမူကို ဆွေမျိုးဉာတကာ ဆရာမိဘစသူ တို့က ပြုပေးသည် မဟုတ်။ မောင်မင်းကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ မိမိအပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံစံအတိုင်း မောင်မင်း ခံရချေတော့မည်။ ဤနည်းအတိုင်း သူအိုကိုညွှန်ပြ၍ ဒုတိယအကြိမ်မေး၏။ သူနာကိုညွှန်ပြ၍ တတိယအကြိမ်မေး၏။ သူသေကိုညွှန်ပြ၍ စတုတ္ထအကြိမ်မေး၏။ အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမအကြိမ်မေး၏။ ၅-ကြိမ်တိုင်အောင်မေး၍ ကုသိုလ်ကောင်းမူကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘ၀၀ယ် ထိုသူ ကုသိုလ်ပြုသည့်အခါတုန်းက မိမိအား အမျှဝေဖူးသလား”ဟု စဉ်းစား၏။ (ဤအချက်ကိုထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှပေးဝေကြသည်။) စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ပြောခြင်းကြောင့်ဖြစ်စေ၊ မိမိဘာသာ သတိရ၍ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည်ရောက်သူများလည်း အများပင်ရှိ၏။ ထိုနေရာမျိုးကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင် ကြလေတော့သည်။ ((((((( အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာ )))))) (((((( ဒေဝဒူတသုတ်က နှစ်သုတ်ရှိပါတယ်။ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ ၁-သုတ်၊ အဲ့ဒီနှစ်သုတ်ကို ဖတ်ကြည့်လို့ ရှိရင် ငရဲအကြောင်းသိကောင်းစရာတွေ အကုန်ပြည့်စုံအောင် သိရပါလိမ့်မယ်။)))))))
★ ★ ( ခ ) တိရစ္ဆာန်ဘုံ ( ဇောမရှိသူ .... ဥါဏ်မရှိသူ .... မောဟလွှမ်းမိုးသူ .... သူများလုပ်လျှင် လိုက်လုပ်တတ်သူ ... ပေါ့ပေါ့နေပေါ့ပေါ့စား .... နောက်လိုက်လိုလူ များသွားရာဘုံ ... ) စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်ခံစားခြင်း သာသိသော ဘုံသားများ အလျားလိုက်သွားတတ်သော သတ္တဝါများ နေထိုင်ရာ အရပ်ဖြစ်၏။ သီးခြား ဘုံဌာနဟု မရှိပေ။ သူတို့၏ ခန္ဓာကိုယ်သာလျှင် သူတို့၏ ဘုံဖြစ်၏။ မောဟ၏ ဆိုးကျိုးကြောင့်တိရစ္ဆာန်ဖြစ်သူများ တွေဝေမိုက်မဲသော မောဟစိတ်ဖြင့် သေခဲ့လျှင် တိရစ္ဆာန်ဘုံ သို့ ရောက်ရသည်။ သတ္တဝါတို့၏ သန္တာန်တွင် ဝိသမမောဟဓါတ်များ အားကြီးလျှင် ကမ္ဘာကြီးတစ်ခုလုံး ရောဂန ္တရကပ် ဆိုက်ရောက်သည်။ ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လေ ဖျက် သဖြင့် ပျက်စီးရသည်။ မောဟနည်းချင်လျှင် အမောဟ (ပညာ) အဖြစ်များအောင် လုပ်ရမည်။ အမောဟ ဖြစ်အောင် သမထဘာဝနာ၊ ဝိပဿနာဘာဝနာ များများပွားပေးရပါမည်။ တွေဝေသောမောဟသည် စိတ်အလုပ်မရှိမှသာ ဖြစ်ပေါ်နိုင်သောကြောင့် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ သုဘ၊ မရဏနုဿတိ လေးမျိုးတွင် တစ်မျိုးမျိးပွားများလိုက်သည်နှင့် ပေါ်မလာတော့ပါ။
★ ★ ( ဂ ) ပြိတ္တာဘုံ ( လောဘကြီးသူ .... သားသမီး ... ပစ္စည်း ဥစ္စာ ... စသည် တစ်စုံတစ်ရာကို စွဲလမ်းပြီး သေ သူများ ) သရဲ၊ မင်၊ ကျပ် စသည် တို့နေထိုင်ရာဘုံ ချမ်းသာမှ ဝေးသော အရပ်သို့ ရောက်သော သတ္တဝါကို ပြိတ္တာဟု ခေါ်၏။ ဘုံဌာန သီးခြား မရှိ။
★ ★ ( ဃ ) အသူရကာယ်ဘုံ ( လောဘစိတ်ဖြင့် မနာလို ဝန်တို ....တွန့်တိုသောသူများ ) ရောင့်ရဲခြင်းကင်းသည်။ နေ့စံ ညခံ၊ ညစံ နေ့ခံ စသည့် ပြိတ္တာများ နေရာဘုံပြိတ္တာ မျိုးပင် ဖြစ်၏။ စားစရာ သောက်စရာ မရှိ၊ အမြဲတမ်း ဒုက္ခခံစားနေရသော သတ္တဝါများ ဖြစ်၏။ ဘုံဌာန သီးခြား မရှိ။ တစ်စုံတစ်ခုကို လိုချင်တပ်မက်သောစိတ်ဖြင့် သေလျှင် ပြိတ္တာဘ၀ ရောက်သည်။ လောဘ၏ ဆိုးကျိုးကြောင့် ပြိတ္တာ ဖြစ်ရပုံ ကြောက်မက်ဖွယ်ကောင်းပုံကို မဃဒေ၀ ၌ ပြင်ပဥစ္စာ၊ မဟုတ်စွာသေး၊ ကာယအဆင်း၊ ကိုယ်အတွင်းဝယ်၊ မွေးညှင်းဆံစု၊ ရုပ်ဝတ္တု၌၊ တစ်ခုခုတပ်၊ စွဲကပ်စွန်းညိ၊ ဇောဝိထိဖြင့် စုတိပုဂ္ဂိုလ်၊ ထိုထိုပိုးလောက်၊ စားသောပြန်ကာ ဖြစ်တတ်စွာဟု၊ ကျမ်းလာမုချ၊ဤသို့ပြ၏။ ဟူ၍ စပ်ဆိုတော်မူထားပါသည်။ အဓိပ္ပါယ်ကား "ပြင်ပဥစ္စာကိုသာ စွဲလန်းမှမဟုတ်၊ မိမိ၏ခန္ဓာကိုယ်မှ အသား၊ အသွေး၊ အမွှေး၊ ဆံပင် စသည်တို့ကို စွဲလန်းတပ်မက်သော လောဘစိတ်ဖြင့်သေခဲ့လျှင် မိမိခန္ဓာကိုယ်ကို ပြန်၍စားသောက်ရသော ပိုးလောက်ပြိတ္တာများ" ဖြစ်ရသည်ဟု ဆိုလိုပေသည်။ သတ္တဝါတို့၏ သန္တာန်တွင် ဝိသမ လောဘဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး အငတ်ဘေး ဒုဗိ ္ဘကန္တရကပ် ဆိုက်တတ်သည်။ ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် ရေလွှမ်းမိုး ဖျက်ဆီးခြင်းကို ခံရသည်။ လောဘနည်းချင်လျှင်တော့ ဒါန များများပြုရမှာပါ…. ဓုတင်ဆောက်တည်ခြင်း အသုဘဘာဝနာ ရှုခြင်းအားဖြင့်လည်း ပယ်သတ်လို့ရပါတယ်။
★ မှတ်ရန်တစ်ခုကတော့….
★ ★ ဤအသူရကာယ်နှင့်မဆိုင်သော အခြား အသုရာ လေးမျိုး ရှိပါသေးတယ်…..
(၁) မြင်းမိုရ်တောင်အောက်၌ နေသော တာဝတိံသာနတ်တိုရဲ့ ဆန့်ကျင်ဘက်နတ်များ ကိုလည်း အသုရာ လို့ခေါ်ပါတယ်
(၂) ဘုမ္မစိုးနတ်ကြီးများကို မှီခို ကပ်ရပ်လျက် နေရသော နတ်ငယ်ကလေးများကိုလည်း အသုရာ
(၃) တစ်ခါ တစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါ တစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများကိုလည်း အသုရာ
(၄) စကြာဝဠာကြီး သုံးခု၏ အစပ်အကြား၌ဖြစ်သော လောကန္တရိက်ငရဲသားများကိုလည်း အသုရာ လို့သုံးနှုံးထားပါတယ်။
(ဗုဒ္ဓဝင်အဋ္ဌကထာ)
( ၃၁ ) ဘုံအကြောင်းနှင့်စပ်လျှဉ်း၍ ..... အကိုးအကားတရားများ ကျမ်းများ ဆိုဒ်များ
No comments:
Post a Comment